ဘန်ကောက်မြို့၌ ကမ္ဘာ့ တတိယအမြင့်ဆုံးနှင့် အာရှ-ပစိဖိတ်တွင် အမြင့်ဆုံးဖြစ်သည့် "Skyflyers" (Wings of Garudapterus) ကစားနည်းကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၉ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။ ၃၆ ထပ်တိုက်နှင့် ညီမျှသော ၁၃၅ မီတာ အမြင့်ရှိသည့် ဤကစားနည်းကို ထိုင်းနိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့သည့် "Garudapterus" ဟူသော ရှေးဟောင်း Pterosaur သတ္တဝါမျိုးစိတ်ကို အစွဲပြု၍ ဒီဇိုင်းဆွဲထားသည်။ ခရီးသည် ၂၄ ဦး လိုက်ပါနိုင်ပြီး ၃ မိနစ်မှ ၄ မိနစ်ခန့် ကြာမြင့်မည်ဖြစ်ကာ ဘန်ကောက်မြို့နှင့် ကျောက်ဖရားမြစ်၏ အလှကို ၃၆၀ ဒီဂရီ အပေါ်စီးမှ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ ၎င်းသည် The Asiatique River Front ဘေးတွင် တည်ရှိပြီး၊ စီးနင်းသူများသည် အရပ် ၁၂၀ စင်တီမီတာအထက်ရှိရန် လိုအပ်ကာ လက်မှတ်ဈေးနှုန်းမှာ တစ်ဦးလျှင် ၃၂၀ ဘတ် ဖြစ်ကြောင်း သိရသည်။
Nov 30 • 2:24 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


