back

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကိုးလ်ပါလ်မာ ပါဝင်ကစားဖွယ်ရှိနေ

Nov 30 • 2:23 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ ကိုးလ်ပါလ်မာ ပါဝင်ကစားဖွယ်ရှိနေ

ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ အာဆင်နယ်နဲ့ လာမယ့်တနင်္ဂနွေနေ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။ပါလ်မာ(၂၃ နှစ်)...

ချယ်လ်ဆီးကွင်းလယ်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာဟာ အာဆင်နယ်နဲ့ လာမယ့်တနင်္ဂနွေနေ့ ကစားမယ့် ပရီးမီးယားလိဂ် အိမ်ကွင်းပွဲမှာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။ပါလ်မာ(၂၃ နှစ်)ဟာ ပြီးခဲ့တဲ့အပတ်က တံခါးနဲ့ မတော်တဆမိလို့ ခြေချောင်းကျိုးဒဏ်ရာ ရရှိခဲ့တာပါ။ပါလ်မာအနေနဲ့ ဒီဒဏ်ရာကြောင့် ဘန်လေ၊ ဘာစီလိုနာအသင်းတွေကို အနိုင်ရတဲ့ပွဲတွေနဲ့ လွဲချော်ခဲ့ပါတယ်။၎င်းဟာ အခုရာသီမှာ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ ငါးပွဲသာ ကစားခဲ့ရပါတယ်။ချယ်လ်ဆီးအသင်းနည်းပြ မာရက်စကာကလည်း ပါလ်မာ ပြန်လည်ကစားနိုင်ပြီးလို့ အတည်ပြုခဲ့ပါတယ်။လက်ရှိမှာ အဆင့် ၁ အာဆင်နယ်နဲ့ အဆင့် ၂ ချယ်လ်ဆီးအကြား ခြောက်မှတ်ကွာဟနေတာဖြစ်ပါတယ်။

news-view-count-icon

24