ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့တွင် တရားမဝင် အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသား ၃ ဦးနှင့် မဲဆောက်မြို့တွင် အထောက်အထားမဲ့ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၉ ဦးအားဖမ်းဆီးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးဌာနက ယနေ့ထုတ်ပြန်သည်။ချင်းမိုင်မြို့၊ မယ်ဟီယားရပ်ကွက်ရှိ လုပ်ငန်းများအားစစ်ဆေးခဲ့ရာ ဆိုင်တဆိုင်တွင် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်ခြင်းကြောင့် ဖမ်းဆီးခဲ့ပြီး Mueang ချင်းမိုင်ရဲစခန်းသို့လွှဲပြောင်းခဲ့ကြောင်း ချင်းမိုင်လဝက မှထုတ်ပြန်သည်။အလားတူ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ ဖာ့ကျာရူန်း (Phacharern) ဈေးဝန်းကျင်တွင် ယမန်နေ့ညနေတွင် အသက် ၄၈ နှစ်ရှိ မြန်မာနိုင်ငံသား ၁ ဦးနှင့် အပေါင်းအပါ စုစုပေါင်း ၉ ဦးတို့ကို တရားမဝင် ဝင်ရောက်လာမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ 
Nov 30 • 2:23 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


