back

ထားဝယ်တွင် ပရဟိတအဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရ

Nov 30 • 2:22 AM

breaking-news

မြန်မာ

တနင်္သာရီ

cover

ထားဝယ်တွင် ပရဟိတအဖွဲ့ဝင်တစ်ဦး ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရ

ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင် လူငယ်အမျိုးသား တစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အရေးပ...

ထားဝယ်မြို့အခြေစိုက် ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့၏ အဖွဲ့ဝင် လူငယ်အမျိုးသား တစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း အရေးပေါ်လူနာတင်ယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ ဖမ်းဆီးခံရသူသည် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင် နေထိုင်သည့် အသက်၁၉ နှစ်အရွယ်ရှိ ကိုဘုန်းမြတ်ကိုကို ဖြစ်ကြောင်း ရင်ခုန်သံ သွေးလှူရှင်နှင့် အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ပရဟိတ စေတနာ့ဝန်ထမ်းများကို ပစ်မှတ်ထား ဖမ်းဆီးခြင်းသည် အရေးပေါ်လူနာတင်ယာဉ် ပရဟိတအသင်းအဖွဲ့များ ဆက်လက်ရပ်တည်မှုကို ခြိမ်းခြောက်ခြင်းဖြစ်သဖြင့် စေတနာ့ဝန်ထမ်း ကိုဘုန်းမြတ်ကိုကိုအား အမြန်ဆုံး ပြန်လွှတ်ပေးရန်တောင်းဆိုကြောင်း ၎င်းတို့က ပြောဆိုကြသည်။

news-view-count-icon

18