ကချင်ပြည်နယ် ၊ပူတာအို–ခေါင်လန်ဖူးကားလမ်းပိုင်းပြုပြင်နိုင်ခြင်းမရှိသေးတာကြောင့် ခေါင်လန်ဖူး ဒေသထွက် ရှောက်ကော ပါကောတွေ တင်ပို့ဖို့ခက်ခဲနေပြီးအရောင်းအဝယ်ရပ်တန့် နေကြောင်း ဒေသခံများထံမှ သိရပါတယ်။ဟင်းခတ်အမွှေးအကြိုင်ထုတ်လုပ်ရာမှာ ကုန်ကြမ်းအဖြစ်သုံးတဲ့ ခေါင်လန်ဖူးဒေသထွက် ရှောက်ကောပါကောဟာ အဓိက အားဖြင့်တရုတ်ပြည်ကိုတင်ပို့ရောင်းချကြတာဖြစ်ပြီး လက်ရှိ ပူတာအိုခေါင်လန်ဖူးလမ်းပိုင်းပျက်စီးနေတာကြောင့် တင်ပို့လို့မရပဲ အရောင်းအဝယ်တွေရပ်တန့်နေတယ်လို့ ခေါင်လန်ဖူးမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။ပုံမှန်အားဖြင့်ဒီရာသီဟာ ရှောက်ကောအရောင်းအဝယ်လုပ်ရမဲ့ရာသီဖြစ်ပြီး အခုလိုလမ်းပိုင်းပျက်စီးနေတာကြောင့် အဝယ်ကိုယ်စားလှယ်တွေလည်းရောက်မလာကြသလို ပူတာအို၊မြစ်ကြီးနားဆင်းပြီး အရောင်းအဝယ်လုပ်ဖို့အလည်းအခက်အခဲ ဖြစ်နေကြတယ်လို့သိရပါတယ်။
ကချင်ပြည်နယ်၊ပူတာအို – ခေါင်လမ်ဖူးလမ်းပိုင်းပျက်စီးနေဆဲဖြစ်တဲ့အတွက် ရှောက်ကောပါကော အရောင်းအဝယ်ရပ်တန့်နေ
Nov 30 • 2:21 AM
မြန်မာ
ကချင်
မျှဝေမည်
| 43 | 0 | 0 | 0 |


