back

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမှာ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ

Nov 30 • 2:20 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်း၊ဟုမ္မလင်းမှာ ကြက်ဥတစ်လုံး ကျပ်နှစ်ထောင်အထိပေးဝယ်နေရ

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။နိုဝင်ဘာလဆန်းပိုင်းကနေစ...

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်ထဲမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေအဆမတန်မြင့်တက်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။နိုဝင်ဘာလဆန်းပိုင်းကနေစပြီး ဟုမ္မလင်းမြို့နယ်ထဲမှာဓာတ်ဆီ တစ်လီတာ ကျပ် ၂၀,၀၀၀ (နှစ်သောင်း)၊ ကြက်ဥတစ်လုံး ၂,၀၀၀ (နှစ်ထောင်) ကြက်သွန်နီတစ်ပိဿ ကျပ် ၅၀,၀၀၀ (ငါးသောင်း) စသဖြင့်အဆမတန်စျေးတက်နေကြောင်းမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။“ဓာတ်ဆီမဝင်တာ ဆယ့်ငါးရက်လောက်ရှိပြီ စားသောက်ကုန်တွေကတော့ လေယာဥ်နဲ့လာတယ်။ ဒါပေမယ့် လေကြောင်းနဲ့ဆိုတော့တန်ဆာမြင့်တယ်လေ ခုကြက်ဥတစ်လုံး ၂,၀၀၀ ရှိနေပြီ။ စားသောက်ကုန်ကော၊ဓာတ်ဆီကောမတရားစျေးတက်နေတာ”လို့ အသက် ၅၀ ကျော်အရွယ်မြို့ခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

news-view-count-icon

16