ထိုင်းနိုင်ငံ၊ကန်ချနပူရီပြည်နယ်၊ စံခလူပူရီမြို့နယ်တွင် နယ်စပ်ဖြတ်ကျော်ရန် ကြိုးပမ်းလာသည့် တရားမဝင် တရုတ်နိုင်ငံသား (၈) ဦးနှင့် ၎င်းတို့ကို ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသား (၂) ဦး၊ စုစုပေါင်း (၁၀) ဦးကို လတ်ယာ (Lat Ya) စစ်ကြောင်းနှင့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ကန်ချနပူရီမြို့ဘက်မှ စံခလူပူရီမြို့ဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ပစ်ကပ်ကား (၂) စီးကို တာဝန်ရှိသူများက တားဆီးစစ်ဆေးခဲ့ရာမှ လူကုန်ကူးမှုကျူးလွန်သူများနှင့် တရားမဝင် ဝင်ရောက်လာသူများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ဖမ်းဆီးရမိသူများနှင့် သက်သေခံပစ္စည်းများကို လဝက အက်ဥပဒေအရ အရေးယူနိုင်ရန် စံခလူပူရီ ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားသည်။
Nov 30 • 2:19 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


