မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့ နိုဝင်ဘာ ၂၉ ရက်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် သံဃာတော်များမှ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။အလိုတော်ပြည့်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကိုလည်း ယနေ့ နိုဝင်ဘာ ၂၉ ရက်နံနက်ပိုင်းကကျင်းပရာ သီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြသည့် ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းဆက်ကပ်ခြင်း၊ ပရိတ်တရားတော်နာကြားခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။



