back

နမ့်ခမ်းမှာ ပျောက်ဆုံးသွားတဲ့ လွယ်ခွါင်ရွာက ကလေးရဲ့ ရုပ်အလောင်းသာ ပြန်တွေ့

Nov 29 • 3:04 PM

breaking-news

မြန်မာ

ရှမ်း

cover

နမ့်ခမ်းမှာ ပျောက်ဆုံးသွားတဲ့ လွယ်ခွါင်ရွာက ကလေးရဲ့ ရုပ်အလောင်းသာ ပြန်တွေ့

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခွါင်ကျေးရွာက ပျောက်ဆုံး‌နေတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ၎င်းရဲ့ ရုပ်အလောင်းသာ ပြန်တွေ့ခဲ့တယ်လ...

ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆာလူကျေးရွာအုပ်စု လွယ်ခွါင်ကျေးရွာက ပျောက်ဆုံး‌နေတဲ့ ကလေးငယ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်မှာ ၎င်းရဲ့ ရုပ်အလောင်းသာ ပြန်တွေ့ခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးဆီက သိရပါတယ်။အသက် ၁၀ နှစ်အရွယ်ရှိတဲ့ မိုင်းကျော်မိုးအောင်ဟာ ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်‌နေ့မှာ နေအိမ်ကနေ ကြူဆိုင်းရွာဘက်ကို မုန့်သွားဝယ်ရင်း အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။အခုလို ဖြစ်စဉ်ဟာ လွယ်ခွါင်ကျေးရွာမှာ ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။


news-view-count-icon

19