ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ဟင်္သာတိုင်အနီးမှာ စက်လှေတစင်းနစ်မြုပ်ပြီး ကလေးတယောက်အပါအဝင် ၂ ယောက် ေ-သဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။လူ ၅ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ နိုဝင်ဘာ ၂၇ ရက် ညနေ ၅ နာရီလောက်က တိမ်းမှောက်ခဲ့တာဖြစ်ပြီး ၂ ယောက်ကို အနီးအနားရှိသူတွေ ပြန်လည်ကယ်တင်နိုင်ခဲ့ကာ ၅ နှစ် အရွယ် ကလေးနဲ့ ၂၂ နှစ်အရွယ် အမျိုးသားကတော့ ရေနစ်ေ-သဆုံးသွားတယ်လို့ ပြောပါတယ်။ေ-သဆုံးသူတွေကို ကယ်ဆယ်ရေးအဖွဲ့က နန်းပန်ဆေးရုံဆီကို ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ ၂၉ ရက် ဒီနေ့ သင်္ဂြိုဟ်မယ်လို့ သိရပါတယ်။



