back

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် KBZ ၊ AYA ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ်(၁၂)ခုတွင် လျှောက်ထားနိုင်

Nov 29 • 2:48 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေအတွက် KBZ ၊ AYA ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ်(၁၂)ခုတွင် လျှောက်ထားနိုင်

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ ယခုချိန်တွင် ပုဂ္ဂလိက ဘဏ် (၁၂)ခုတွင် ချေးငွေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပ...

ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ ယခုချိန်တွင် ပုဂ္ဂလိက ဘဏ် (၁၂)ခုတွင် ချေးငွေ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီစက်ပိုင် ရှင်များအသင်း က သိရသည်။ယခင်က ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေးချေးငွေ လျှောက် ထားခြင်းကို MEB ( မြန်မာ့စီးပွားရေးဘဏ်) နှင့် MADB (မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်) ၌သာ ချေးငွေ ယူခွင့်ပြုထားခြင်းဖြစ်ပြီး ယခုချိန်တွင် ပုဂ္ဂလိက ဘဏ်(၁၂)ခုတွင် လည်း လျောက်ထားနိုင်ပြီးဖြစ်ကြောင်း သိရသည်။လျှောက်ထားလိုသည့် လုပ်ငန်းရှင်များအနေဖြင့် အသင်းရုံးခန်းတွင် ချေးငွေလျှောက်လွှာ ပုံစံသစ်ကို ဆက်သွယ်တောင်းယူနိုင်ပြီး သက်ဆိုင်ရာ ဒေသစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးမှတဆင့် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ ထောက်ခံချက်ဖြင့်လျှောက်ထားနိုင်မည်လည်း ဖြစ်သည်။ဆီစက်အကြီးများ တည်ဆောက်တပ်ဆင်ခြင်းအတွက် ငွေကျပ်သိန်း (၁၀၀၀၀) အထိ ထုတ်ချေးမည်ဖြစ်ပြီး ကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ အစီအစဉ်တွင် ငွေရေးကြေးရေးအဖွဲ့အစည်း (Par ticipating Financial Institution-PFI)အဖြစ် ပါဝင်ဆောင်ရွက်မည့် ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုလည်း နိုဝင်ဘာ (၂၂) ရက်ကလည်း လက်မှတ်ရေးထိုးထားကြောင်း သိရသည်။



news-view-count-icon

29