back

ပေါင်မြို့နယ် ရင်းငြိမ်ဘူတာမှာ ကျားဖြန့်လုပ်ကိုင်သူ လူ၁၀၀ကျော်ကို ဖမ်းထား

Nov 29 • 2:46 PM

breaking-news

မြန်မာ

မွန်

cover

ပေါင်မြို့နယ် ရင်းငြိမ်ဘူတာမှာ ကျားဖြန့်လုပ်ကိုင်သူ လူ၁၀၀ကျော်ကို ဖမ်းထား

ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ ရင်းငြိမ် ဘူတာမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖမ်းမိထ...

ပေါင်မြို့နယ် ရင်းငြိမ်မြောက်ကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းပေါ်မှာရှိတဲ့ ရင်းငြိမ် ဘူတာမှာ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဖမ်းမိထားတာဖြစ်တယ်လို့ ဒေသခံ တွေကပြောပါတယ်။ဖမ်းမိသူတွေထဲမှာ အမျိုးသား ၆၂ဦးနဲ့ အမျိုးသမီး၃၉ဦး ဖမ်းမိခဲ့တာဖြစ်ပြီး နိုင်ငံခြားသားတွေပါဝင်သလို မြန်မာတွေလည်းပါဝင်ပြီး သူတို့ကို ကားတွေနဲ့သယ်လာသူတွေက ဘူတာအနီးတွင် ချထားခဲ့တာဖြစ် တယ်လို့ ရင်းငြိမ်ကျေးရွာတွင် နေထိုင်သူတစ်ဦးက ပြောပါတယ်။ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အများစုကို စစ်ဆေးရာတွင် ၁၃မျဉ်းစောင်း မှတ်ပုံတင်ကိုင်သူတွေကို အမျိားဆုံး တွေ့ရှိရတယ်လို့ သိရပြီး ရထားနဲ့ရန်ကုန်မြို့သို့ သွားရန်ပြင်ဆင်နေချိန်တွင် အဖွဲစုံကလာဖမ်း သွားတာဖြစ်တယ် လို့ သိရပါတယ်။ 




news-view-count-icon

22