back

ဆီးချိုဝေဒနာရှင် ကလေးငယ်များအတွက် ASPIRE ပညာသင်ဆုပေးအပ်လျှက်ရှိ

Nov 29 • 3:07 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆီးချိုဝေဒနာရှင် ကလေးငယ်များအတွက် ASPIRE ပညာသင်ဆုပေးအပ်လျှက်ရှိ

‎Action4Diabetes (A4D) သည် အရှေ့တောင်အာရှရှိ အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရသည့် ကလေးငယ်များနှင့် လူငယ်များအတွက် အဓိကထားကာ ပံ့ပိုးကူညီပေးလျက်ရှိနေသည့် ပရဟိ...

‎Action4Diabetes (A4D) သည် အရှေ့တောင်အာရှရှိ အမျိုးအစား (၁) ဆီးချိုရောဂါ ခံစားနေရသည့် ကလေးငယ်များနှင့် လူငယ်များအတွက် အဓိကထားကာ ပံ့ပိုးကူညီပေးလျက်ရှိနေသည့် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း အသက်ကယ်ဆေးဝါးများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် လိုအပ်သည့်အထောက်အပံ့များကို လုပ်ဆောင်ပေးလျက်ရှိရာ အဓိက လုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည့် ASPIRE ပညာသင်ဆု အစီအစဉ်သည် လူငယ်များ၏ အိပ်မက်များ အကောင်အထည်ဖော်ရာတွင် ပံ့ပိုးကူညီပေးနိုင်ရန် ရည်ရွယ်သည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း သိရသည်။ ထို့အတူပဲ Zuellig Pharma သည် A4D နှင့် ၂၀၁၇ ခုနှစ်ကပင် စတင်လက်တွဲခဲ့ပြီး A4D၏ အဓိက ထောက်ပံ့မှုအစီအစဉ်များတွင် ပံ့ပိုးကူညီရင်း မြန်မာနိုင်ငံတစ်ဝှမ်း ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်ကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်နေကြောင်း သိရသည်။၂၀၂၅ ခုနှစ် World Diabetes Day (ကမ္ဘာ့ဆီးချို သွေးချိုရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့) အထိမ်းအမှတ်အနေဖြင့်A4D နှင့် Zuellig Pharma တို့၏ တူညီသည့် ရည်မှန်းချက်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံရှိ ဆီးချိုရောဂါ ခံစားနေရသူ လူငယ်တိုင်းအတွက် အထောက်အပံ့များကို လက်လှမ်းမီနိုင်စေရန် လိုအပ်သည့်အသိပညာ၊ စာနာဖေးကူမှုနှင့် စုပေါင်းလုပ်ဆောင်မှုများကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။  

‎


news-view-count-icon

24