ထိုင်းဘုရင်မင်းမြတ် Maha Vajiralongkorn က တောင်ပိုင်းရေဘေးသင့် ပြည်သူတွေအတွက် စိုးရိမ်ပူပန်မိကြောင်းနဲ့ သေဆုံးသွားသူတွေရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်း မိန့်ကြားခဲ့ပါတယ်။ ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ Songkhla ခရိုင်၊ Hat Yai ခရိုင်ခွဲက Hat Yai ဆေးရုံပြန်လည်ထူထောင်ရေးနဲ့ ပျက်စီးသွားတဲ့ ဆေးဘက်ဆိုင်ရာ စက်ကိရိယာတွေ ဝယ်ယူဖြည့်တင်းနိုင်ဖို့အတွက် ဘတ်သန်း ၁၀၀ ကိုလည်း ဘုရင်မင်းမြတ်က ပေးအပ်လှူဒါန်းခဲ့ပါသည်။



