ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့ တောင်းဆိုထားတဲ့ သီရိလင်္ကာနိုင်ငံသား အမျိုးသားတစ်ဦးကို နိုင်ငံတွင်းကနေ အတင်းအကျပ်နှင်ထုတ်မယ့်အပေါ် ရပ်ဆိုင်းပေးဖို့အတွက် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ အတိုက်အခံလွှတ်တော်အမတ်တွေနဲ့ ထောက်ခံသူတွေက ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာန (Immigration Services Agency) ကို တောင်းဆိုစာပေးပို့ခဲ့ပါတယ်။ အသက် ၄၄ နှစ်အရွယ် နဗီးန် (Naveen) အမည်ရှိ အမျိုးသားဟာ စိုင်းတာမစီရင်စု (Saitama Prefecture) မှာ နေထိုင်သူဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ သီရိလင်္ကာကနေ ဂျပန်ကို ရောက်လာခဲ့ပါတယ်။ နဗီးန် (Naveen) ဟာ သူ့ရဲ့ဇာတိနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ဖိနှိပ်ခံခဲ့ရတယ်လို့ ပြောပြီး အသက်အန္တရာယ်ရှိတာကြောင့် ပြန်လို့မရဘူးလို့ တောင်းဆိုထားပါသည်။



