ဂျပန်နိုင်ငံ အိုဆာကာ၌ လူ ၂၇ သန်း လာရောက်ကြည့်ရှုခဲ့ကြသည့် အောက်တိုဘာလတွင် ပြီးဆုံးခဲ့သော ခြောက်လကြာ ကုန်စည်ပြပွဲ World Expo တွင် အနာဂတ်၏ လူလျှော်စက်ဟုခေါ်သော ရေချိုးစက်၏ ရှေ့ပြေးပုံစံကို ပြသခဲ့သည်။ ယခင် ၁၉၇၀ ခုနှစ်တွင် ပြသခဲ့ဖူးသည့် ရေချိုးစက်ကို AI စွမ်းရည် ထည့်ပေးပြီး ခေတ်နှင့်အညီ မွမ်းမံပေးထားသည်။ ဂျပန် ကုမ္ပဏီ Science မှ ထုတ်လုပ်သည်။ လက်လီရောင်းဈေးမှာ ယန်း သန်း ၆၀ (US$385,000) ဖြစ်ပါသည်။



