back

ကျပ်သိန်း (၁,၀၀၀) အထက် ရွှေဝယ်/ရောင်းပြုလုပ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးကို သတင်းပို့ရမည်

Nov 29 • 1:26 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျပ်သိန်း (၁,၀၀၀) အထက် ရွှေဝယ်/ရောင်းပြုလုပ်ပါက ငွေကြေးစုံစမ်းထောက်လှမ်းရေးကို သတင်းပို့ရမည်

ကျပ်သိန်း (၁,၀၀၀) နဲ့အထက် ရွှေ အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) ကို မပျက်မကွက် သတင်းပို့ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရ...

ကျပ်သိန်း (၁,၀၀၀) နဲ့အထက် ရွှေ အရောင်းအဝယ် ပြုလုပ်ပါက ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (AML/CFT) ကို မပျက်မကွက် သတင်းပို့ရမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေဆိုင်၊ ရွှေသန့်စင်လုပ်ငန်းနဲ့ ရွှေပန်းထိမ်လုပ်ငန်း လုပ်ကိုင်သူတွေကို အသိပေးပါတယ်။စံချိန်စံညွှန်းကိုက်ညီတဲ့ ဓာတ်သတ္တု (ရွှေ) ၁ ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်) ကို အစိုးရက သတ်မှတ်ထားတဲ့ ရည်ညွှန်းဈေးအတိုင်းပဲ ရောင်းဝယ်ရမှာပါ။ရွှေလုပ်ငန်းရှင်တွေက အကောင်အထည်ဖော်ဆောင်ရွက်ရေးအရာရှိ (Compliance Office) ခန့်အပ်ထားဖို့နဲ့ ခန့်အပ်ထားပြီးဖြစ်တဲ့ အထောက်အထားကို ရွှေဆိုင်မှာ ထားရှိရမှာလည်း ဖြစ်ပါတယ်။နေ့စဉ်/လစဉ် အရောင်းအဝယ်စာရင်းနဲ့ လက်ကျန်စာရင်းအချုပ်တွေကို သက်ဆိုင်ရာ ကနဦးစိစစ်ရေးအဖွဲ့ထံ လစဉ် လဆန်း (၅) ရက်အတွင်း မပျက်မကွက် တင်ပြရမယ်လို့လည်း အသိပေးထားပါတယ်။ဈေးကွက်မတည်မငြိမ်စေဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ဝယ်ယူခြင်း မပြုလုပ်ရလို့ ဆိုထားပြီး ကံစမ်းမဲတွေနဲ့ အလားသဏ္ဍာန်ဆောင်တဲ့ နည်းလမ်းတွေ မပြုလုပ်ရလို့ ညွှန်ကြားထားပါတယ်။





news-view-count-icon

49