back

ထိုင်းတွင် ကြိတ်စက်ထဲ ညှပ်ပါသေဆုံးခဲ့သော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁၅ သိန်း ရမည်

Nov 29 • 1:25 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ကြိတ်စက်ထဲ ညှပ်ပါသေဆုံးခဲ့သော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁၅ သိန်း ရမည်

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပလပ်စတစ်စက်ရုံတွင် ဖော့ပြားများကို ကြိတ်သောစက်ထဲ ခန္ဓာကိုယ် ညှပ်ပါသွားသဖြင့် သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၁၅ သိ...

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပလပ်စတစ်စက်ရုံတွင် ဖော့ပြားများကို ကြိတ်သောစက်ထဲ ခန္ဓာကိုယ် ညှပ်ပါသွားသဖြင့် သေဆုံးခဲ့သော မြန်မာအလုပ်သမားအတွက် နစ်နာကြေး ဘတ် ၁၅ သိန်း ရရှိမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။ကိုသက်ဇော်ကိုမှာ နိုဝင်ဘာလ ၁၉ ရက်နေ့က စက်ရုံထဲ အလုပ်လုပ်နေရင်း ဖော့ကြိတ်စက်ထဲ လူတစ်ကိုယ်လုံး ညှပ်သွားကာ ခန္ဓာကိုယ်တစ်စစီ ကြိတ်မိသွားပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။စက်ရုံဘက်မှ ပေးသော နစ်နာကြေး ဘတ် ၄၅၀,၀၀၀ နှင့် သင်္ဂြိုဟ်စရိတ် ဘတ် ၅၀၀၀၀ ကိုလည်း လာမည့် တနင်္လာနေ့ (ဒီဇင်ဘာ ၁) တွင် မိသားစုဝင်ဖြစ်သော ညီဖြစ်သူက သွားရောက်ထုတ်ယူရမည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။





news-view-count-icon

12