ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်တွင် စွပ်စွဲ ချက်အမျိုးမျိုးဖြင့် ဒေသခံ နှင့် အုပ်ချုပ်ရေးမှူးများ မကြာခဏ သတ်ဖြတ်ခံရသောကြောင့် ဒေသခံများလုံခြုံရေး စိုးရိမ်နေကြသည်။ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ အမျိုးသားတစ်ဦးကိုဒလန်ဟုဆိုကာ အမည်မသိလက်နက်ကိုင် အဖွဲ့မှ ၎င်း၏ အမျိုးသမီးရှေ့တွင်ပင် ဓားဖြင့်ထိုးသတ်ခဲ့သည့် ဖြစ်စဥ်ဖြစ်ပွားခဲ့သည်။ထိုကဲ့သို့မကြာခန သတ်ဖြတ်ခံနေရမှုများကြောင့် ရွာငံမြို့နယ်ရှိကျေးရွာအချို့တွင် အုပ်ချုပ်ရေးမှူးလုပ်မည့်သူများမရှိတော့ကြောင်းသိရသည်။



