back

ဘုရင့်နောင်ဈေး ထွက်ပေါက်တွင် အမျိုးသားတစ်ဦးသေဆုံးနေ

Nov 29 • 1:22 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဘုရင့်နောင်ဈေး ထွက်ပေါက်တွင် အမျိုးသားတစ်ဦးသေဆုံးနေ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘုရင့်နောင်ဈေးကြီးရှေ့ အထွက်ပေါက် တည့်တည့်တွင် ယနေ့နိုဝင်ဘာ ၂၉ရက် မနက်ပိုင်းက အသက်၂၀ကျော် အ...

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၁ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီး ဘုရင့်နောင်ဈေးကြီးရှေ့ အထွက်ပေါက် တည့်တည့်တွင် ယနေ့နိုဝင်ဘာ ၂၉ရက် မနက်ပိုင်းက အသက်၂၀ကျော် အမျိုးသား တစ်ဦးသေဆုံး ခဲ့တယ်လို့ သိရပါတယ်။သေဆုံးသူအမျိုးသားမှာ ဘောင်းဘီစုတ်ပြဲ လက်နှင့်ဒူး ခြေထောက်တို့တွင် ပွန်းပဲ့ဒဏ်ရာများတွေ့ရှိ ရပြီး အခြားပြင်ပဒဏ်ရာများ မတွေ့ရှိရပဲ ပက်လက်အနေအထားနဲ့ သေဆုံးနေတာဖြစ်တယ်လို့ မျက်မြင်တွေ့ သူတစ်ဦးက ပြောပါတယ်။အဆိုပါ လူသေဆုံးမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး သေဆုံးသူအမျိုးသား အလောင်းကိုတော့ လူမှုကူညီရေးအသင်းကားနဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားတယ် လို့ သိရပါတယ်။





news-view-count-icon

19