မှတ်ပုံတင် ဖျက်သိမ်းပြီးသည့် ရှေးဟောင်း(Classic) မော်တော်ယာဉ်များကို မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၉ ရက်နေ့(ယနေ့)တွင် အသိပေးထုတ်ပြန်ထားသည်။မှတ်ပုံတင်ဆောင်ရွက်ရာတွင် မူလမှတ်ပုံတင်ထားရှိခဲ့သည့် ယာဉ်များကိုသာ မှတ်ပုံတင်ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ယာဉ်အမှတ်ကို ရောက်ရှိ ယာဉ်အမှတ်အသစ်ဖြင့် သတ်မှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ယခင် မှတ်ပုံတင်ထားခြင်းမရှိသည့် ရှေးဟောင်းယာဉ်များကို မှတ်ပုံတင်ပေးမည်မဟုတ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။



