သရုပ်ဆောင်စိုးပြည့်သဇင်က ပူပူနွေးနွေး အိမ်ထောင်ကျထားတဲ့ ဟိန်းဝေယံနဲ့အတူတူ နေ့ဆွမ်းနှင့် ပရိက္ခရာ ၈ ပါးအလှူဒါနပြုခဲ့တာဖြစ်ပါတယ်။ ဒီနေ့ကျရောက်တဲ့ မိခင်မွေးနေ့မှာ သူမက အလုပ်ကိစ္စနဲ့ခရီးထွက်နေလို့ အမေနဲ့အတူရှိခွင့်မရပေမယ့် ကုသိုလ်ရစေဖို့ အလှူတွေပြုလုပ်ပေးခဲ့တာလည်းဖြစ်ပါတယ်။



