back

ရှေးဟောင်း Classic ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်ပြုမည်

Nov 29 • 5:03 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ရှေးဟောင်း Classic ယာဉ်များအား သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင်ခွင့်ပြုမည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၁၉၈၀ မော်ဒယ်နှင့် အဲဒီမတိုင်မီက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မူလမှတ်ပုံတင်ထားရှိခဲ့ပြီး သက်တမ်းမတိုး၍ ...

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ၁၉၈၀ မော်ဒယ်နှင့် အဲဒီမတိုင်မီက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မူလမှတ်ပုံတင်ထားရှိခဲ့ပြီး သက်တမ်းမတိုး၍ မှတ်ပုံတင် ဖျက်သိမ်းပြီးဖြစ်သည့် ယာဉ်များကို ရှေးဟောင်း Classic မော်တော်ယာဉ်အဖြစ် သတ်မှတ်ဒဏ်ကြေးဖြင့် ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ ဤသို့ဆောင်ရွက်ပေးခြင်းသည် မြန်မာနိုင်ငံအနေဖြင့် ရှေးဟောင်းယာဉ်များကို တန်ဖိုးထား ထိန်းသိမ်းရန်နှင့် သမိုင်းဝင်ယာဉ်များအဖြစ် တရားဝင်မှတ်တမ်းတင်ရန် ရည်ရွယ်သည်။ ပြန်လည်မှတ်ပုံတင်ရာတွင် မူလမှတ်ပုံတင်ထားရှိသည့် ယာဉ်များကိုသာ ခွင့်ပြုမည်ဖြစ်ပြီး ယာဉ်အမှတ်အသစ် သတ်မှတ်ပေးမည်ဖြစ်ကာ၊ မူလက မှတ်ပုံတင်ထားခြင်းမရှိသည့် ယာဉ်များကိုမူ လက်ခံမည်မဟုတ်ပါ။ ယင်းသို့ ပြန်လည်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးများတွင် လာမည့် ဒီဇင်ဘာ ၁ ရက်မှ ၂၀၂၆ ခုနှစ် မတ် ၃၁ ရက်အထိ ဆက်သွယ်ဆောင်ရွက်နိုင်မည်ဖြစ်သည်။

news-view-count-icon

31