back

Apple Intelligence နည်းပညာ တရုတ်နိုင်ငံသို့ ရောက်ရှိရန် အလားအလာများလာ

Nov 29 • 5:07 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

Apple Intelligence နည်းပညာ တရုတ်နိုင်ငံသို့ ရောက်ရှိရန် အလားအလာများလာ

Apple ၏ Website တွင် မကြာသေးမီက စတင်ခဲ့သော Apple Intelligence Feedback Form တစ်ခုကြောင့် ဤနည်းပညာကို တရုတ်နိုင်ငံသို့ ယူဆောင်လာရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း ...

Apple ၏ Website တွင် မကြာသေးမီက စတင်ခဲ့သော Apple Intelligence Feedback Form တစ်ခုကြောင့် ဤနည်းပညာကို တရုတ်နိုင်ငံသို့ ယူဆောင်လာရန် ပိုမိုနီးစပ်လာပြီဖြစ်ကြောင်း CNBC သတင်းတွင် ဖော်ပြထားသည်။ အဆိုပါ Form ၌ Feedback ပေးပို့ရန်အတွက် +86 တယ်လီဖုန်းနံပါတ်ကို ထည့်သွင်းရခြင်းသည် ဤလုပ်ဆောင်ချက်ကို တရုတ်စကားပြောသူများသာမကဘဲ တရုတ်နိုင်ငံအတွင်းရှိ Apple သုံးစွဲသူများအတွက် ရည်ရွယ်၍ ဒီဇိုင်းထုတ်ထားကြောင်း ညွှန်ပြနေသည်။ လက်ရှိအချိန်အထိ တရုတ်နိုင်ငံ၌ Apple Intelligence Feature များ မရရှိသေးသော်လည်း၊ Apple သည် iOS 18 စတင်မိတ်ဆက်ချိန်ကတည်းက AI လုပ်ဆောင်ချက်များ ပေးပို့နိုင်ရန်အတွက် တရုတ် AI ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်ရန် လုပ်ဆောင်နေခဲ့ပြီး၊ ယခင်က Alibaba နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးပြဿနာများကြောင့် ဇွန်လက Feature များ ထွက်ရှိလာခြင်းကို ရွှေ့ဆိုင်းခဲ့ရသည်။

news-view-count-icon

12