ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်များတွင် ယခုနောက်ပိုင်း၌ ခရီးစဉ်အဆုံးအထိ မပြေးဆွဲတော့ဘဲ အခြားယာဉ်များဖြင့် ပြောင်းလဲတင်ဆောင်ပေးသည့် ဖြစ်ရပ်များ ပိုမိုများပြားလာကြောင်း ကိုယ်တိုင်ကြုံသူများထံမှ သိရသည်။ ယခင်က ဂက်စ်ဆိုင်အနီးတွင် ဂက်စ်မလုံလောက်ကြောင်း ပြောဆိုကာ လိုင်းတူယာဉ်သို့ ပြောင်းလဲတင်ဆောင်ခြင်းများရှိခဲ့သော်လည်း ယခုအခါတွင် လိုင်းမတူသည့် အခြားယာဉ်များကိုပင် ငွေပေး၍ ခရီးသည်ပြောင်းတင်ပေးခြင်းများ ပြုလုပ်လာသည်။ ထိုသို့ ကားပြောင်းတင်ဆောင်ခြင်းများသည် တညင်းကုန်းလမ်းဆုံ၊ သမကုန်းလမ်းဆုံ၊ ထောက်ကြန့်လမ်းဆုံ၊ စံပြစျေး စသည့်နေရာများ၌ အများဆုံးဖြစ်ပွားနေပြီး၊ YBS ၉၀ ယာဉ်လိုင်းကဲ့သို့သော လိုင်းများတွင်လည်း စက်ရုံ Ferry ကြိုရန် အချိန်နောက်ကျသည်ဟုဆိုကာ ခရီးသည်များကို မီနီဘတ်စ်ယာဉ်ငယ်များဖြင့် ပြောင်းလဲစီးနင်းစေခဲ့ခြင်းကြောင့် ခရီးသည်များ အချိန်ကုန်ခြင်းနှင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
Nov 29 • 4:55 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 21 | 0 | 0 | 0 |


