ဗြိတိန်နိုင်ငံသည် အာဖရိကဝက်တုပ်ကွေး (African Swine Fever) ဖြစ်ပွားမှုကို ဆယ်စုနှစ်သုံးခုကျော်အတွင်း ပထမဆုံးအကြိမ် အတည်ပြုပြီးနောက် စပိန်နိုင်ငံမှ ဝက်သားတင်သွင်းမှုကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် စတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။ ဝက်မွေးမြူရေး အဓိကဒေသဖြစ်သည့် ကက်တလိုးနီးယားတွင် စပိန်အာဏာပိုင်များက အရေးပေါ်အစီအမံများ စတင်လိုက်ချိန်၌ ဗြိတိန်က ဤသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဗြိတိန်ပတ်ဝန်းကျင်ဌာန (DEFRA) ၏ ကြေညာချက်အရ စပိန်မှ လတ်ဆတ်သောဝက်သားနှင့် အခြားထိခိုက်ခဲ့သည့် ထုတ်ကုန်အားလုံးကို နောက်ထပ်အကြောင်းကြားချက် မရမချင်း နယ်စပ်ထိန်းချုပ်ရေးစခန်းများတွင် သိမ်းဆည်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။



