မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ မိုးကောင်းကျေးရွာအုပ်စု၊ ပုတိန်ရိုးကျေးရွာ (အ-ထ-က) ကျောင်းရှေ့ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေ ၃ နာရီခန့်က ကားနှင့် သုံးဘီးဆိုင်ကယ် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ် တိမ်းမှောက်ခဲ့ပြီး ဘီးလင်းမြို့၊ ရပ်ကွက် (၈) တွင် နေထိုင်သူ အသက် ၅၆ နှစ်အရွယ် သုံးဘီးဆိုင်ကယ်ယာဉ်မောင်း ဦးမြင့်ဦး၏ ရင်ဘတ်နှင့် ခါးတို့တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ဒဏ်ရာရရှိသူ အမျိုးသားကို မိုးကောင်းလူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းပိုင် လူနာတင်ယာဉ်ဖြင့် သိမ်ဆိပ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Nov 29 • 1:26 AM
မြန်မာ
မွန်
မျှဝေမည်
| 16 | 0 | 0 | 0 |


