ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အတွင်း၌ ဟွန်ဒါစက်လှေ တိမ်းမှောက်မှုဖြစ်ပွားရာမှ လူငယ်တစ်ဦးနှင့် ကလေးတစ်ဦး စုစုပေါင်း ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ နန်းပန်ရွာမှ စက်လှေဖြင့် ညောင်ရွှေ အနောက်ဘက်ကမ်းရှိ မြေနီကုန်းရွာသို့ လူလာခေါ်ရာမှ တိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး၊ လှေပေါ်ပါ လူ ၅ ဦးအနက် ၃ ဦးသာ ကယ်ဆယ်နိုင်ခဲ့သည်။ ပျောက်ဆုံးနေခဲ့သော ၅ နှစ်အရွယ် ကလေးတစ်ဦးကို ယနေ့ နံနက်ပိုင်းတွင် သေဆုံးလျက် ပြန်လည်ဆယ်ယူရရှိခဲ့ကာ၊ ပျောက်ဆုံးနေသော ၂၁ နှစ်အရွယ် လူငယ်တစ်ဦးကိုလည်း ပြန်လည်တွေ့ရှိခဲ့သော်လည်း သေဆုံးသွားပြီဖြစ်ကြောင်း ဒေသခံတစ်ဦးက နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။
Nov 29 • 1:25 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 15 | 0 | 0 | 0 |


