back

မိုးလွန်ကာလ ပြီးဆုံး၍ မြန်မာနိုင်ငံတစ်ဝန်း အအေးပိုနိုင်၊ လာနီညာအခြေအနေ ဆက်လက်တည်ရှိနိုင်ဟု ခန့်မှန်း

Nov 29 • 1:21 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မိုးလွန်ကာလ ပြီးဆုံး၍ မြန်မာနိုင်ငံတစ်ဝန်း အအေးပိုနိုင်၊ လာနီညာအခြေအနေ ဆက်လက်တည်ရှိနိုင်ဟု ခန့်မှန်း

မိုးလွန်ကာလ ပြီးဆုံးပြီဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အအေးပိုလာနိုင်သည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားသည်။ လက်ရှိတွင်လည်း ညအပူချိန်များ...

မိုးလွန်ကာလ ပြီးဆုံးပြီဖြစ်သောကြောင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အအေးပိုလာနိုင်သည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က သုံးသပ်ထားသည်။ လက်ရှိတွင်လည်း ညအပူချိန်များ တဖြည်းဖြည်း ကျဆင်းလာနေသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ တတိယ ၁၀ ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအခြေအနေ သို့ ရောက်ရှိနေပြီး ၎င်းအခြေအနေ ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။ လာနီညာဖြစ်စဉ်ကြောင့် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်နိုင်ခြင်း၊ ဒေသအချို့တွင် ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ပြည်သူများအနေဖြင့် ကျန်းမာရေးကို ဂရုပြုရန် လိုအပ်ကြောင်း မိုးလေဝသပညာရှင်များက သတိပေးထားသည်။

news-view-count-icon

33