back

ရေနစ်မြုပ်မည့်အရေး ကြုံနေရသော်လည်း ကမ္ဘာ့လူဦးရေအများဆုံးမြို့ ဂျာကာတာတွင် လူနေထူထပ်မှု ဆက်လက်မြင့်တက်

Nov 29 • 1:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရေနစ်မြုပ်မည့်အရေး ကြုံနေရသော်လည်း ကမ္ဘာ့လူဦးရေအများဆုံးမြို့ ဂျာကာတာတွင် လူနေထူထပ်မှု ဆက်လက်မြင့်တက်

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသည် ၂၀၅၀ ပြည့်နှစ်တွင် ရေအောက်နစ်မြုပ်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် မှီတင်းနေထိုင်သူပေါင်း ၄၁.၉ သန်းဖြင့် ကမ္...

အင်ဒိုနီးရှားနိုင်ငံ၏မြို့တော် ဂျာကာတာသည် ၂၀၅၀ ပြည့်နှစ်တွင် ရေအောက်နစ်မြုပ်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း လက်ရှိတွင် မှီတင်းနေထိုင်သူပေါင်း ၄၁.၉ သန်းဖြင့် ကမ္ဘာ့လူဦးရေအထူထပ်ဆုံးမြို့အဖြစ် ထိပ်ဆုံးမှ ရပ်တည်နေကြောင်း ကုလသမဂ္ဂ ထုတ်ပြန်ချက်အရ သိရသည်။ ဂျာကာတာမြို့သည် လူဦးရေများပြားလွန်းသဖြင့် မြေအောက်ရေ အလွန်အကျွံသုံးစွဲမှုကြောင့် ပြီးခဲ့သည့် ၁၀ နှစ်အတွင်း မြေအောက်သို့ ၂.၅ မီတာ နိမ့်ဆင်းသွားခဲ့ပြီး၊ တစ်နှစ်လျှင် ၂၅ စင်တီမီတာနှုန်းဖြင့် နိမ့်ကျမှုသည် ကမ္ဘာတစ်ဝန်းရှိ ကမ်းရိုးတန်းနိုင်ငံများထက် ၂ ဆ ပိုမိုမြင့်မားနေသည်။ သိပ္ပံပညာရှင်များက မြို့တစ်ဝက်မှာ ပင်လယ်ရေမျက်နှာပြင်အောက် ရောက်ရှိနေပြီဖြစ်သော ဂျာကာတာမြို့သည် ၂၀၅၀ ပြည့်နှစ်တွင် မြောက်ပိုင်း ၉၅ ရာခိုင်နှုန်းလုံး ရေအောက်ရောက်သွားနိုင်သည်ဟု သတိပေးပြောကြားထားသည်။

news-view-count-icon

31