back

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၆,၀၀၀ နီးပါး တင်ပို့ကာ ဒေါ်လာ ၁၇.၇၅၅ သန်း ရရှိ

Nov 29 • 1:19 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံ၏ ဘဏ္ဍာနှစ် ၇ လအတွင်း ပြည်ပသို့ ပုစွန် မက်ထရစ်တန် ၆,၀၀၀ နီးပါး တင်ပို့ကာ ဒေါ်လာ ၁၇.၇၅၅ သန်း ရရှိ

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါး တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၁၇.၇၅၅ သန်း ရရှိခဲ့...

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလအထိ ၇ လတာကာလအတွင်း ပြည်ပသို့ ပုစွန်မက်ထရစ်တန်ချိန် ၆,၀၀၀ နီးပါး တင်ပို့ထားပြီး ယင်းမှ အမေရိကန်ဒေါ်လာ ၁၇.၇၅၅ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှ ပုစွန်တင်ပို့ရာတွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် တင်ပို့နိုင်ခဲ့ပြီး၊ မြန်မာ့ရေထွက်ကုန်များကို တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန် စသည့် နိုင်ငံပေါင်း ၄၀ ကျော်သို့ တင်ပို့လျက်ရှိသည်။

news-view-count-icon

37