back

ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကဏ္ဍအလိုက် အမျိုးသားအဆင့် စီမံချက်များဖြင့် အလေးထား ဆောင်ရွက်နေ

Nov 29 • 1:18 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကလေးအလုပ်သမား ပပျောက်ရေးအတွက် ကဏ္ဍအလိုက် အမျိုးသားအဆင့် စီမံချက်များဖြင့် အလေးထား ဆောင်ရွက်နေ

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ...

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ပပျောက်ရေးအတွက် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က ကဏ္ဍအလိုက် အလေးထားဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ ၈ ခု ဖွဲ့စည်းကာ လုပ်ဆောင်လျက်ရှိပြီး၊ ပြီးခဲ့သည့် ပထမငါးနှစ်လုပ်ငန်းစီမံချက် (၂၀၁၉-၂၀၂၃) ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ကာ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) ကို ဆက်လက်အကောင်အထည်ဖော်နေကြောင်း ဒုတိယဝန်ကြီးက ရှင်းပြသည်။ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက် ၁၈ နှစ်အောက် လူဦးရေသည် နိုင်ငံ့လူဦးရေ၏ ၃၃.၃၁ ရာခိုင်နှုန်းခန့်ရှိပြီး ၎င်းတို့၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်ရှင်သန်ရပ်တည်ရေးတို့ကို မွေးကင်းစမှသည် အသက် ၁၈ နှစ်ပြည့်သည်အထိ စီမံကိန်းများချမှတ်၍ နိုင်ငံတော်က ပြုစုစောင့်ရှောက် ကာကွယ်မှုများ ပေးလျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

news-view-count-icon

42