back

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၌ တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲ ကျင်းပ

Nov 29 • 1:14 AM

breaking-news

မြန်မာ

ရန်ကုန်

cover

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၌ တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲ ကျင်းပ

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၏ တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ မဟာဘွဲ့နှင်းသဘင်ခန်း...

နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) ၏ တက္ကသီလဟိတဓရစုံညီပွဲတော် ဩဝါဒခံယူပွဲကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ရှိ မဟာဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အင်းစိန်ရွာမဆရာတော်ကြီး၊ အလယ်တောရဆရာတော်ကြီး၊ မဟာသွံဿာရဆရာတော်ကြီး၊ ယုဇနမဟာဂန္ဓာရုံဆရာတော်ကြီးနှင့် ပါမောက္ခချုပ်ဆရာတော်ကြီးတို့ထံမှ ဩဝါဒကထာများ နာယူခံယူခဲ့ကြသည်။ စုံညီပွဲတော်သို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်) မှ ကျောင်းသားဟောင်းသံဃာများ စုဝေးတွေ့ဆုံခဲ့ကြပြီး၊ နယ်စပ်ဒေသနှင့် နိုင်ငံအသီးသီးတွင် သာသနာပြုနေကြသော ဆရာတော်များပါ ကြွရောက်ခဲ့ကြသည်။ အခမ်းအနားကို လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ရွတ်ဆိုပူဇော်ခြင်းနှင့် အမျှပေးဝေ ဆုတောင်းခြင်းတို့ဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

news-view-count-icon

31