နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကြေးမုံဆေးရုံသည် သတ်မှတ်စည်းကမ်းချက်များကို ချိုးဖောက်ခဲ့သောကြောင့် လုပ်ငန်းများ ရပ်နားခံထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။ ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်တွင် ယင်းဆေးရုံ၌ လိုင်စင်သက်တမ်းကုန်ဆုံးနေခြင်းနှင့် တရားဝင်ဆေးကုသခွင့်မရှိသည့် ဆရာဝန်/အထူးကုဆရာဝန်များကို ထားရှိသည်ကို တွေ့ရှိရသောကြောင့် လူနာများ၏ အကျိုးအတွက် လုပ်ငန်းများ ရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု သိရသည်။
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ကြေးမုံဆေးရုံ သတ်မှတ်စည်းကမ်းချက်များ ချိုးဖောက်မှုကြောင့် လုပ်ငန်းရပ်နားခံရ
Nov 29 • 1:13 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 38 | 0 | 0 | 0 |


