စင်ကာပူနိုင်ငံမြောက်ပိုင်း Woodlands ရှိ အလုပ်သမားအဆောင်ဝင်းထဲသို့ ဗဟိုမူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို (CNB) အပါအဝင် အဖွဲ့အစည်းပေါင်းစုံမှ အရာရှိများသည် မနေ့ညက သန်းခေါင်အချိန်နှင့် ယနေ့မနက်အစောပိုင်းကြား မိုးရွာနေချိန်တွင် ဝင်ရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးမှုအတွင်း အသက် ၂၃ နှစ်မှ ၄၀ ကြားရှိ မြန်မာနိုင်ငံသားတစ်ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁ ဦး စုစုပေါင်း ၁၂ ဦးကို မူးယစ်ဆေးဝါးကိစ္စနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများအနက် အသက် ၃၄ နှစ်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် သုံးစွဲမှုတို့ဖြင့် သံသယရှိ၍ ဖမ်းဆီးထားခြင်းဖြစ်သည်။ ၄ နာရီကျော်ကြာမြင့်သည့် အဆိုပါ စစ်ဆင်ရေးတွင် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည်ဟု ယူဆရသည့် ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့ပြီး၊ ဖမ်းဆီးထားသူများကို ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။
Nov 29 • 1:12 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


