back

မိတ္ထီလာတွင် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားကာ နေအိမ်ထဲထိ လိုက်လံလိမ်လည်မှုများ ရှိနေ

Nov 28 • 4:44 PM

breaking-news

မြန်မာ

မန္တလေး

cover

မိတ္ထီလာတွင် သက်ကြီးရွယ်အိုများကို ပစ်မှတ်ထားကာ နေအိမ်ထဲထိ လိုက်လံလိမ်လည်မှုများ ရှိနေ

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်အတွင်း၌ မိတ္ထီလာမြို့ပေါ်ရှိ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ ပြည်သာယာ၊ မြို့သစ်နှင့် ရတနာမာရ်အောင်ရပ်ကွက်များတွင် သက်ကြီးရွယ်အိုအဘိုးအဘွား...

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလလယ်အတွင်း၌ မိတ္ထီလာမြို့ပေါ်ရှိ ရန်မျိုးအောင်၊ ကျီတော်ကုန်း၊ ပြည်သာယာ၊ မြို့သစ်နှင့် ရတနာမာရ်အောင်ရပ်ကွက်များတွင် သက်ကြီးရွယ်အိုအဘိုးအဘွားများသာရှိသည့် နေအိမ်များကို ပစ်မှတ်ထားကာ နေအိမ်အတွင်းသို့ ဝင်ရောက်၍ တန်ဖိုးကြီးပစ္စည်းများလိမ်လည်ရယူခြင်းများ တွေ့ကြုံနေကြရကြောင်း ဒေသခံများက ဆိုသည်။၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်တွင် မိတ္ထီလာမြို့၊ ကျီတော်ကုန်းရပ်ကွက်မှ အသက် ၇၅ နှစ်အရွယ် အငြိမ်းစားဝန်ထမ်း အဘိုးတစ်ဦး၏ နေအိမ်အတွင်းသို့ အသက် ၃၀အရွယ် လူငယ်တစ်ဦးရောက်ရှိလာကာ ရွှေထည်ပစ္စည်းမျိုးစုံ၊ ဖုန်းနှင့် ငွေများကို ယူဆောင် ထွက်ပြေးသွားကြောင်း သိရသည်။ ယင်းနေ့၌ပင် မိတ္ထီလာမြို့၊ မြို့သစ်ရပ်ကွက်မှ အဘွားတစ်ဦး၏ နေအိမ်သို့ လူငယ်တစ်ဦးရောက်ရှိလာပြီး သက်ကြီးရွယ်အိုများကို ပရဟိတထောက်ပံ့ငွေကူညီသည့်အကြောင်း ပြောဆိုကာ ခြေဆုပ်လက်နယ်ပြုခဲ့သည်။ထို့နောက် အဆိုပါလူငယ်က အိမ်ရှင်အဘွားဖြစ်သူ သတိလက်လွတ်ဖြစ်နေသည့်အချိန်၌ နေအိမ်အတွင်းရှိ တန်ဖိုးကြီးပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။ 




news-view-count-icon

19