မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို လာမယ့် ၂၀၂၆ ခုနှစ် ဇန်နဝါရီက စတင်ပြီး
၈၆ ရက်ကြာ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမယ်လို့သိရပါတယ်။အခုလိုကျင်းပဖို့နဲ့ပတ်သက်ပြီး ခရိုင်အဆင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၇ ရက် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။လက်ရှိမှာ ပွဲတော်ထြစ်မြောက်ရေး အတွက် ဘုရားပွဲတော် မုခ်ဦးနဲ့ဖွင့်ပွဲအခမ်းအနားပြင်ဆင်ဖို့ ၊ဘုရားပွဲမြေနေရာ မန်းချောင်းသောင်ပြင် ၊ပြင်ဆင်ရေး၊ အဆောက်အဦ၊ အထူးတံတား၊ ဈေးဆိုင်ခန်း၊ တည်းခိုဆောင်တွေ နေရာချထားဖို့နဲ့ဆောက်လုပ်ရေး၊ ပွဲတော်နဲ့ပတ်သက်တဲ့ တင်ဒါ၊ လေလံ၊ ခေါ်ယူရောင်းချရေးလုပ်ငန်းတွေ ၊ လျှပ်စစ်မီး၊ ကျန်းမာရေး၊ သတင်းနဲ့ ပြန်ကြားရေး၊ ဘုရားပွဲတော်လုံခြုံရေးစတဲ့ ကဏ္ဍအလိုက် ဆောင်ရွက်ရမယ့် လုပ်ငန်း တွေကို ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့လည်းသိရှိရပါတယ်။



