back

ပလုံးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး

Nov 28 • 4:45 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

ပလုံးရွာတွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရပြီးသေဆုံး

မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စု၊ ပလုံးရွာတွင် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင် ဒေါ်မူဝင်းကိ...

မြိတ်မြို့နယ်၊ တညက်ကျေးရွာအုပ်စု၊ ပလုံးရွာတွင် ဒေသခံအမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင် ဒေါ်မူဝင်းကို နိုဝင်ဘာလ ၂၇ရက် နံနက် ၂နာရီ ၃၀မိနစ်ခန့်တွင် အမည်မသိ လက်နက်ကိုင်အချို့က နေအိမ်မှ ခေါ်ဆောင်ပြီး ကျေးရွာအနီးဝန်းကျင်ရှိ ရော်ဘာခြံအနီးတွင် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ ဒေါ်မူဝင်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ သေသေချာချာ မသိရသေးပေ။



news-view-count-icon

32