မိုးညှင်းမြို့နယ် ၊ ဟိုပင်မြို့ နန့်ရင်းချောင်းကူးလမ်းတံတားနေရာကို အကြောင်းမဲ့ မြေတူးပြီး လမ်းပ်ိုင်းဖြတ်တောက်လိုက်တဲ့အတွက် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲသွားတယ်လို့ သိရပါတယ်။“အခုလမ်းဖျက်ဆီးလိုက်တဲ့လမ်း ပတ်ပတ်လည် ဟိုဘက် ဒီဘက် ဒေသခံတွေ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြတယ်။ မော်တော် ဆိုင်ကယ် နွားလှည်း အကုန်သွားလို့ရတယ်။ အခုလမ်းဖျက်ဆီးလိုက်တော့ ဘာမှ ဖြတ်လို့မရတော့ဘူး။ အခုဆိုင်ကယ်တစ်ခုတည်းသွားလာလို့ရတော့တယ်။ အဲဒီလမ်းကနေ တခြားကျေးရွာတွေနဲ့လည်း ဆက်သွယ်ထားတဲ့ လမ်းမကြီဖြစ်တယ်”လို့ပြောပါတယ်။နန့်ရင်းချောင်းလမ်းတံတားက ဟိုပင်မြို့အရှေ့ဘက်ခြမ်းမှာတည်ရှိပြီး နိုင်ဝင်ဘာလ ၂၆ ရက်နေ့မှာ စက်ယန္တရားတွေအသုံးပြုပြီး သွားလာလို့မရအောင် တူးဖော်ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ သိရပါတယ်။



