အထက်ပန်းဆိုးတန်းလမ်းနဲ့ ဒေါ်သိန်းတင်လမ်းဒေါင့်မှာ စက်ဘီးနဲ့ကားတိုက်မူဖြစ်ပွားခဲ့တာဖြစ်ပြီး နိုဝင်ဘာ၂၇ ရက်နေ့ နေ့လယ်၃နာရီကျော်အချိန်က ကလေးကျောင်းပို့ပြီး အပြန်မှာ ဖြစ်ပွားခဲ့တာလို့ ကူညီပေးခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအသင်းက ပြောပါတယ်။သေဆုံးသွားသူ အမျိုးသမီးမှာ ကလေး ကျောင်းပို့ပြီးစျေးရောင်းဖို့အတွက် စျေးဆိုင်ဆီ ပြန်အသွားမှာ ကားတိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။



