ယနေ့ နိုဝင်ဘာ ၂၈ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ၊ သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်သည့် မြန်မာ ယူ - ၁၇ အသင်းနှင့် အိုမန် ယူ - ၁၇ အသင်းတို့၏ အာရှဖလားခြေစစ်ပွဲတွင် မြန်မာအသင်းက အိုမန်အသင်းကို ၂ ဂိုးပြတ်ဖြင့် အနိုင်ရရှိသည်။ပထမပိုင်းပွဲကစားချိန်အထိ သရေရလဒ်ဖြစ်ပေါ်နေခဲ့ရာမှ ဒုတိယပိုင်း ပွဲကစားချိန် ၆၃ မိနစ်တွင် မြန်မာကစားသမား အောင်သီဟက လည်းကောင်း၊ ပွဲကစားချိန် ၆၆ မိနစ်တွင် ကစားသမား ညီညီသန့်ကလည်းကောင်း အသီးသီးသွင်းယူခဲ့ကြခြင်း ဖြစ်သည်။မြန်မာအသင်းအနေဖြင့် အုပ်စုနောက်ဆုံးပွဲစဥ်အဖြစ် ဆီးရီးယားနှင့်ယှဥ်ပြိုင်ရန်သာ ကျန်ရှိနေပြီး ထပ်မံအနိုင်ရရှိခဲ့မည်ဆိုပါက ပြိုင်ပွဲစည်းမျဥ်းအရ အုပ်စုဗိုလ်ကသာ ခြေစစ်ပွဲကို အောင်မြင်နိုင်မည်ဖြစ်သောကြောင့် အာရှဖလားခြေစစ်ပွဲကို အောင်မြင်ပြီဖြစ်သည်။



