ရှမ်းမြောက်မှ တရားမဝင်ကုန်စည် တင်ဆောင်သည်ဟုဆိုကာ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၌ ကားများကို လိုက်လံဖမ်းဆီးနေရာ နိုဝင်ဘာ ၂၆ ရက်တွင်လည်း ကုန်ကား ၄ စီး ထပ်မံဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရသည်။"ညောင်ပင်သာ ကိုရင်လေးကျောင်းကို ၁၀ စီး ဖြတ်ပြေးကြတယ် လိုက်တာမမီကြလို့တဲ့။ အခုက ၄ စီးပဲမိတာ"ဟု ၎င်းက ဆိုသည်။ယင်းကားများတွင် တရုတ်ပြည်ထွက် ကြက်သွန်ဖြူများ တင်ဆောင်ထားကြောင်း သိရပြီး အခြားကား ၁၀ စီးကျော်ကို လိုက်လံ ဖမ်းဆီးသော်လည်း မမိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
Nov 28 • 5:51 AM
မြန်မာ
ရှမ်း
မျှဝေမည်
| 20 | 0 | 0 | 0 |


