နေပြည်တော်တွင် ပြီးခဲ့သည့်မိုးရာသီတစ်လျောက်မိုးအဆက်မပြတ်ရွာသွန်းခဲပြီးစိုက်ခင်းများရေကြီးရေလျံဖြစ်ပြီးဆောင်းဝင်သည်အထိမိုးမပြတ်ဘဲဆောင်းသီနှံမတ်ပဲများစိုက်ချိန်နောက်ကျစွာစိုက်ပျိုးနေရကြောင်းတောင်သူများထံမှသိရ သည်။ယခုနှစ်မိုးရာသီမိုးကြီးရေလျံမှုများကြောင့်နေပြည်တော်ဒေသတွင်းတောင်သူများစိုက်ပျိုးရေးအခက်အခဲများဖြစ်ခဲ့ပြီး စပါးစိုက်ပျိုးရာတွင်လည်းစိုက်ကွက်ပြင်ပြီး ပျိုးကြဲပက်ပြီးစပါးပင်ငယ်များပေါက်ပြီးကာမှ မိုးများပြီးရေကြီးကာ စပါးစိုက်ကွက်ပျက်ပြီးနောက်ထပ်တစ်ခါပြန်စိုက်ခဲ့ရသဖြင့် စိုက်ပျိုးစရိတ်များထောင်းခဲ့ပြီး ၊မတ်ပဲစိုက်ပျိုးချိန်တွင်လည် ယင်းကဲသို့ဖြစ်ခဲ့ပြီးနှစ်ခါပြန်စိုက်ခဲ့ရကြောင်းသိရသည်။
Nov 28 • 5:52 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 21 | 0 | 0 | 0 |


