မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်းရှိ ရင်းငြိမ်ဘူတာတွင် နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၁၀ နာရီခန့်က အိမ်စီးယာဉ်များနှင့် ရောက်ရှိလာသော ကျားဖြန့်လုပ်ငန်းများမှ ပြန်လာသူ နိုင်ငံသား ၁၀၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသမီး ၃၉ ဦးနှင့် အမျိုးသား ၆၂ ဦး ပါဝင်ပြီး၊ ၎င်းတို့သည် ရထားဖြင့် ခရီးဆက်ရန် စီစဉ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူအများစုမှာ ရှမ်းပြည်နယ်၏ မှတ်ပုံတင် (၁၃ မျဉ်းစောင်း) ကိုင်ဆောင်ထားသူများဖြစ်ကြောင်း သိရပြီး၊ ၎င်းတို့ကို ပေါင်မြို့နယ် လဝကနှင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။
Nov 28 • 5:27 AM
မြန်မာ
မွန်
မျှဝေမည်
| 29 | 0 | 0 | 0 |


