မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည့် ဒီဇင်ဘာလပတ် ခန့်မှန်းချက်အရ လာမည့် ဒီဇင်ဘာလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့၌ လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ ယင်းတို့အနက် (၁) ကြိမ်မှာ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု အသိပေးထားသည်။ ထို့ပြင် ညအပူချိန်များအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ဒီဇင်ဘာလ ပျမ်းမျှအပူချိန်၏ 1.5’Cနှင့်အထက် ပိုနိုင်ပြီး၊ ကျန်ဒေသများ၌ ပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ မြူထူဆိုင်းနိုင်သည့် အခြေအနေများမှာလည်း အချို့တိုင်း/ပြည်နယ်များတွင် ရက်ပေါင်း ၁၆ ရက်မှ ၂၅ ရက်ခန့်အထိ ဖြစ်ပေါ်နိုင်ကြောင်း ထည့်သွင်းထုတ်ပြန်ထားသည်။
ဒီဇင်ဘာလတွင် လေဖိအားနည်းရပ်ဝန်း (၂) ကြိမ် ဖြစ်ပေါ်နိုင်ပြီး (၁) ကြိမ် မုန်တိုင်းငယ်ဖြစ်နိုင်ကြောင်း မိုး/ဇလ ထုတ်ပြန်
Nov 28 • 4:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


