ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၅ ရက်မှ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ ရက်အထိ နိုင်ငံပေါင်း ၅၂ နိုင်ငံမှ နိုင်ငံခြားသား ၆၈,၅၈၂ ဦးကို အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားလုပ်ငန်းများ အပါအဝင် ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်မှုဖြင့် ဖမ်းဆီးပြီး သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်က ပြောကြားခဲ့သည်။ထိုင်းနိုင်ငံဘက်မှ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်လာပြီး ဒုစရိုက်လုပ်ငန်းများ လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို အဆက်မပြတ် ဖမ်းဆီးနေကာ ဖမ်းဆီးထိန်းသိမ်းထားသူများအတွက် နိုဝင်ဘာ ၂၂ ရက်အထိ ငွေကျပ် သိန်းတစ်သောင်းသုံးထောင်ကျော်ကုန်ကျနေကြောင်း ၎င်းက ပြောသည်။ ထို့ပြင် အဆိုပါလုပ်ငန်းများ ပြန်လည်အခြေမချနိုင်စေရန် KK Park နယ်မြေအတွင်းမှ တရားမဝင်အဆောက်အအုံ ၂၅၆ လုံးကို ဖြိုချဖျက်ဆီးခဲ့ပြီး ကျန်ရှိသည့် ၃၇၉ လုံးကို ဆက်လက်ဖြိုချဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီဒေသ၌ ၂ နှစ်ကျော်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ကိုင်သည့် နိုင်ငံခြားသား ၆၈,၀၀၀ ကျော် ဖမ်းဆီးလွှဲပြောင်းပေးထား
Nov 28 • 4:46 AM
မြန်မာ
ကရင်
မျှဝေမည်
| 23 | 0 | 0 | 0 |


