back

ရီးယဲလ်အသင်း၌ ကစားသမားများနှင့် နည်းပြအဖွဲ့ စည်းလုံးမှုရှိကြောင်း တိုက်စစ်မှူး အမ်ဘာပေ ပြောကြား

Nov 28 • 4:45 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်အသင်း၌ ကစားသမားများနှင့် နည်းပြအဖွဲ့ စည်းလုံးမှုရှိကြောင်း တိုက်စစ်မှူး အမ်ဘာပေ ပြောကြား

ရီးယဲလ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက အသင်းအတွင်း ကစားသမားများနှင့် နည်းပြအဖွဲ့ကြား စည်းလုံးမှု အပြည့်အဝရှိနေကြောင်း ပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည...

ရီးယဲလ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေက အသင်းအတွင်း ကစားသမားများနှင့် နည်းပြအဖွဲ့ကြား စည်းလုံးမှု အပြည့်အဝရှိနေကြောင်း ပြောကြားခဲ့သည်။ ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပွဲတွင် အိုလံပီယာကော့စ်ကို အနိုင်မရမီ ပြိုင်ပွဲစုံ ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် နည်းပြ အလွန်ဆိုနှင့် ကြယ်ပွင့်ကစားသမားတချို့ကြား ဆက်ဆံရေးအဆင်မပြေမှုများရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ အမ်ဘာပေက ထိုသို့ထွက်ပေါ်နေသည့် သတင်းများကို ဆန့်ကျင်ပြောဆိုခဲ့ပြီး၊ "ကျွန်တော်တို့ စည်းလုံးစွာရှိနေပြီး ပရိသတ်တွေကလည်း ကျွန်တော်တို့ဘက်မှာ ရှိနေတယ်ဆိုတာ ကျွန်တော် သိပါတယ်" ဟု ပြောကြားကာ အသင်းဖော်များအားလည်း အချင်းချင်းနှင့် နည်းပြအဖွဲ့အပေါ် အပြန်အလှန်ကာကွယ်ပေးရန် တိုက်တွန်းခဲ့သည်။

news-view-count-icon

40