နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ငလျင်ကြောင့် ပျက်စီးခဲ့သည့် သိမ်၊ ကျောင်းနှင့် ဘုရားစေတီများကို အသစ်ပြန်လည်တည်ဆောက်လှူဒါန်းခြင်းကို ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်နေ့က လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ပုဗ္ဗသီရိမြို့နယ်၊ ကံလှရပ်ကွက်တွင် ပြိုကျခဲ့သည့် ကံလှသိမ်တော်ကြီး အသစ်ဆောက်လုပ်ခြင်း၊ ဓမ္မရိပ်ငြိမ်စံကျောင်းတော် ပြုပြင်မွမ်းမံခြင်းနှင့် ရွှေကံပွင့် ဆုတောင်းပြည့်စေတီတော် အသစ်တည်ထား ရွှေထီးတော်တင်လှူဒါန်းခြင်းတို့ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ယင်းလှူဒါန်းမှုကို မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း ဗဟိုမှ မိသားစုဝင်များနှင့် စေတနာရှင်များက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့သည် နေပြည်တော်တွင် ငလျင်ဒဏ်သင့် သာသနိကအဆောက်အအုံများ၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ကုသိုလ်ပြုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

Nov 28 • 4:44 AM
မြန်မာ
နေပြည်တော်
မျှဝေမည်
| 29 | 0 | 0 | 0 |


