back

လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းပေါ်၌ ရပ်ထားသည့် ကွန်တိန်နာယာဉ်ကို ဝင်တိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

Nov 28 • 4:41 AM

breaking-news

မြန်မာ

ရန်ကုန်

cover

လှိုင်သာယာမြို့နယ်၊ အနော်ရထာလမ်းပေါ်၌ ရပ်ထားသည့် ကွန်တိန်နာယာဉ်ကို ဝင်တိုက်မှုကြောင့် အမျိုးသား ၁ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၁၇) ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုး...

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ (၁၇) ရပ်ကွက်၊ အနော်ရထာလမ်းမပေါ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်) မွန်းတည့် ၁၂ နာရီ ၂၄ မိနစ်ခန့်က ယာဉ်တိုက်မှုဖြစ်ပွားပြီး အမျိုးသားတစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တော်သစ်လူမှုကူညီရေးအသင်းထံမှ သိရသည်။ပရိုဘောက်ယာဉ်တစ်စီးသည် လမ်းဘေးတွင် ရပ်ထားသည့် ကွန်တိန်နာယာဉ်ကို ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ ပရိုဘောက်ယာဉ်မောင်းသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကာ ကားပေါ်ပါလာသည့် အမျိုးသားတစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ယာဉ်ထဲတွင် ညပ်နေသူတစ်ဦးကို ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ သေဆုံး/ဒဏ်ရာရရှိသူနှစ်ဦးကို လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

news-view-count-icon

25