back

နေပြည်တော်၌ လိုင်စင်စာအုပ်အပွားဖြင့် ယာဉ်မောင်းသူ ဖမ်းဆီးခံရ

Nov 28 • 4:42 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော်၌ လိုင်စင်စာအုပ်အပွားဖြင့် ယာဉ်မောင်းသူ ဖမ်းဆီးခံရ

နေပြည်တော်နှင့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်ဖွဲ့များက လိုင်စင်မဲ့အိမ်စီးကားများကို လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊...

နေပြည်တော်နှင့် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တို့တွင် စစ်တပ်ဖွဲ့များက လိုင်စင်မဲ့အိမ်စီးကားများကို လိုက်လံဖမ်းဆီးနေကြောင်း သိရသည်။ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မြို့တော်ဂေါက်ကွင်းအနီးတွင်  Land Cruiser အဖြူရောင်ကားတစ်စီးကို စစ်ဆေးရာ လိုင်စင်စာအုပ်အပွားဖြင့် လိုင်စင်မဲ့ဖြစ်နေသောကြောင့် ကားနှင့်အတူ ပိုင်ရှင် ပြည့်စုံမောင် (၃၄ နှစ်) အား ဖမ်းဆီးခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အရေးယူထားသည်။ ထို့အပြင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အနော်ရထာတံတားတွင်လည်း ဘုန်းကြီးကျောင်း ဝေယျာဝစ္စသုံးရန် ဝယ်ယူထားသည့် Faw ကားတစ်စီးကို လိုင်စင်မရှိ၍ ဖမ်းဆီးခဲ့ပြီး၊ ကုသိုလ်ယူမောင်းနှင်သူ ကျော်သီဟ (၃၆ နှစ်) ပါ ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

news-view-count-icon

21